












ဖြစ်ပါသည်။
Ice









ထို့ကြောင့် ညဉ့်နက်ချိန်မှ ကျွန်ုပ်တို့ ကိုယ်ထင်ပြရခြင်းဖြစ်သည်။




5G လား 4G လား။ ၎င်းက မျှတသောတိုက်ပွဲပင် မဟုတ်ပါ။
အချိန်များစွာကြာအောင်ပင် 5G ကို ကားပျံများနှင့် ကုန်းရေနှစ်တန် ရှပ်ပျံနိုင်သော ရှပ်ပြေးယာဉ်များကဲ့သို့ ဝေးကွာလှသော ကတိတစ်ခုသဖွယ် ခံစားခဲ့ရသည်။ သို့သော် ထိုအရာက အမှန်တကယ်ပင် ဖြစ်လာခဲ့ပြီး မိုဘိုင်းအတွေ့အကြုံသစ်များကို ဖွင့်လှစ်ပေးမည့် တံခါးကို ကျယ်ကျယ် ကန်ဖွင့်ရန် အသင့်ဖြစ်နေပါပြီ။ N10 5G ကို 5G အသုံးပြုနိုင်ရန် တည်ဆောက်ခဲ့ပြီး octa-core CPU က မောင်းနှင်သည့် Qualcomm® Snapdragon™ 690 ချစ်ပ်ဆက်တစ်ခု ပါဝင်သည်။


90 Hz သည် သင် တွေ့ကြုံခံစားရမည့် အရာများထဲမှ တစ်ခုဖြစ်ပါသည်။ ဤခေါင်းစီးတစ်ခုတည်းကပင် အတော်လေး သာသွားပါသည်။
90 Hz ပြသချက်မျက်နှာပြင်သည် ချောမွေ့မှုနှင့် တုံ့ပြန်နိုင်စွမ်းကို မြှင့်တင်ရန် 60 Hz ထက် 50% ပိုမိုမြန်ဆန်စွာ ရီဖရက်ရှ်လုပ်ပေးသည်။ အဲဒါက ဘာကိုဆိုလိုတာလဲ။ ဆိုလိုသည်မှာ သင့်အနေဖြင့် များစွာပို၍ကောင်းမွန်သော မိုဘိုင်းသုံးစွဲမှု အတွေ့အကြုံကို လက်လွှတ်ဆုံးရှုံးနေရခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ N10 5G ကိုသာ ဝယ်လိုက်ပါ။

ဘက်ပေါင်းစုံမှ သင့်ထံ လာနေသောအသံ။
စမတ်ဖုန်းများ ပေါ်လာသည်မှာ အတော်ကြာပြီဖြစ်ပါသည်။ သို့သော် အကြောင်းတစ်ခုခုကြောင့် စပီကာသည် ထည့်မတွက်သော လုပ်ဆောင်ချက်တစ်ခု ဖြစ်နေသည်။ ၎င်းသည် စမတ်ဖုန်းလောက၏ ဒက်ရှ်ဘုတ် အကန့်တစ်ခုနှင့်တူသည်။ ထိုနေရာမှာ ရှိရုံသာ ရှိနေရန်လိုသည်။ N10 5G သည် သင့်ကို ဘက်စုံလွှမ်းခြုံသော စတီရီယိုအသံ နားဆင်မှု အတွေ့အကြုံကို ပေးရန် ဩဇာပြည့်လျှမ်းသော အသံထွက် စပီကာနှစ်လုံးဖြင့် အသံကို အထူးအလေးထားပါသည်။








ကျွန်ုပ်တို့ သူ့စကားကို ကိုယ့်စကားလုပ်မပြောလိုပါ။ သို့သော် ဤနွားက အလွန်အထင်ကြီးစရာကောင်းပါသည်။
ပစ်ဇယ်ပေါင်း 64 သန်းက သင့်အတွက် ထိုအရာကို လုပ်ဆောင်ပေးနိုင်ပါလိမ့်မည်။ သို့သော် 119° အထူးမြင်ကွင်းကျယ်၊ မက်ခရိုနှင့် မိုနိုခရုမ်း အပါအဝင် N10 5G ၏ အခြားကင်မရာသုံးခုကို ဖြည့်စွက်လိုက်သောအခါ ကျွန်ုပ်တို့အားလုံး ကွင်းပြင်နေရာတစ်ခုခုတွင် ၎င်း၏ကြီးကျယ်ခမ်းနားမှုကြောင့် ကြက်သေသေ၍ မတ်တတ်ပဲ ရပ်ကြည့်မနေနိုင်သည်မှာ အံ့အားသင့်စရာဖြစ်ပါသည်။*









ထိုအကြောင်းနှင့် ပတ်သက်သမျှအားလုံးကို သင် မေ့ပစ်လိုက်နိုင်ရန် အပိုဆောင်း မမ်မိုရီလေးအနည်းငယ်။
RAM မည်မျှကို N10 5G ထဲ ထည့်သွင်းရမည့် မေးခွန်းနှင့် ပတ်သက်လာသောအခါ အင်ဂျင်နီယာတစ်ဦးက 4 GB ဆိုလျှင်ပင် များကောင်းများနေနိုင်သည်ဟု ဆိုခဲ့ဖူးသည်။ သူ ယခု တစ်ယောက်တည်း ထမင်းစားနေရပါပြီ။ 4G အစား ကျွန်ုပ်တို့က သင့်အနေဖြင့် RAM အကြောင်းကို မေ့ထားပြီး သင် အကြိုက်ဆုံး အက်ပ်များ၊ ဂိမ်းများ၊ ရုပ်ရှင်များနှင့် ဇာတ်လမ်းတွဲများကို စိတ်ကြိုက်နှစ်သက်ခံစားနိုင်ရန် 6GB ထည့်သွင်းပေးခဲ့သည်။*

ဘက်ခ်အပ်လုပ်ရန် သိုလှောင်မှုမရှိဘဲ ဒီအမြန်နှုန်းက ဘာကောင်းလို့လဲ။
ကျွန်ုပ်တို့အားလုံး ဒီလိုအချိန်မျိုး ကြုံဖူးကြပါသည်။ သင့်ဖုန်းပြည့်နေသော်လည်း ဓာတ်ပုံရိုက်ရန်လိုသောအခါ။ နေရာလွတ်ရှိစေရန် သင်၏ ရင်းနှီးသော မိသားစုနှင့် မိတ်ဆွေများ၏ ဓာတ်ပုံများကို ရက်ရက်စက်စက် ဖျက်ပစ်လာသည်။ သို့သော် ဒီလိုချည်းပဲ လုပ်စရာ မလိုပါ။ N10 5G တွင် သိုလှောင်မှုနေရာ 128 GB အထိပါပြီး — microSD ကတ်ဖြင့် 512 GB အထိ ထပ်တိုးနိုင်သောကြောင့်* — အရာရာတိုင်းလောက်နီးပါးအတွက် နေရာအလုံအလောက်ရှိပါသည်။




သင့်အနေဖြင့် ကျွန်ုပ်တို့၏ အဆင်မပြေလောက်အောင် ရှည်လျားသော ထုတ်ကုန်အမည်ကို သဘောမပေါက်ဘူးဆိုလျှင် ကျွန်ုပ်တို့သည် OnePlus ဖြစ်ပါသည်။
ကျွန်ုပ်တို့ တွေ့ဆုံပြီးသားဖြစ်ပါက ဤအပိုင်းကို ကျော်လိုက်ပြီး ကျွန်ုပ်တို့၏ အမိုက်စား ဖုန်းအသစ်ကို သွားကြည့်လိုက်ပါ။ လူတိုင်းအတွက် အတိုချုပ် သမိုင်းကြောင်း- 2014 ခုနှစ်မှစ၍ ကျွန်ုပ်တို့သည် နိုင်ငံပေါင်း 50 ကျော်တွင် ဈေးကွက်ကို အပြောင်းအလဲများဖြစ်စေသော စမတ်ဖုန်း 8 လုံးကို စတင်မိတ်ဆက်ဖြန့်ချိခဲ့သည်။ ကျွန်ုပ်တို့၏ အလယ်အလတ်တန်းစား ဖုန်းအမျိုးအစားသစ် Nord ဖြင့် အရင်ထက် ပိုမိုများပြားသော လူများစွာထံ အကောင်းဆုံး မိုဘိုင်းနည်းပညာကို ဆောင်ကြဉ်းပေးနိုင်ရန် မျှော်လင့်ပါသည်။

မှတ်ချက်များ-
- *သက်ဆိုင်သည့် ထုတ်ကုန် သတ်မှတ်ချက် အကြောင်းအရာများကို သက်ဆိုင်ရာ စာမျက်နှာများတွင် ဖော်ပြထားသည်။ အသေးစိတ်သိရှိရန် စာမျက်နှာတစ်ခုချင်းစီရှိ အသေးစိတ် လမ်းညွှန်ချက်များကို ကိုးကားကြည့်ရှုပါ၊
- *ဖုန်း၏အလေးချိန်မှာ 190 ဂရမ်ဖြစ်သည်။ မိုဘိုင်းဖုန်း၏ အရွယ်အစားနှင့် အလေးချိန်သည် ဖွဲ့စည်းပုံ၊ ထုတ်လုပ်သည့် လုပ်ငန်းစဉ်နှင့် တိုင်းတာမှုနည်းလမ်းကိုလိုက်၍ ကွဲပြားနိုင်ပါသည်၊
- *မျက်နှာပြင်၏ ထောင့်များသည် စံထောင်မှန်စတုဂံပုံစံအတွင်းဖြစ်ပြီး ထောင့်စွန်းများကို ကွေးဝိုက်ထားသည်။ ထောင့်ဖြတ်တိုင်းတာသည့် မျက်နှာပြင်၏ အရွယ်အစားမှာ ထောင့်မှန်စတုဂံအပြည့်တွင် 6.49 လက်မဖြစ်ပြီး ကွေးဝိုက်ထားသည့် ထောင့်များကို ထည့်တွက်လျှင် 6.25 လက်မဖြစ်သည်၊
- *အမှန်တကယ် ရီဖရက်ရှ်လုပ်နှုန်းမှာ ဆက်တင်များ၊ အသုံးပြုသည့် အပလီကေးရှင်းများနှင့် စီမံဆောင်ရွက်သည့် ကန့်သတ်ချက်များအပေါ် မူတည်ပါသည်။ အပလီကေးရှင်းတိုင်းက 90Hz ရီဖရက်ရှ်လုပ်နှုန်းကို ပံ့ပိုးမပေးပါ။ အဆိုပါကန့်သတ်ချက်များ ရှိလာပါက ရီဖရက်ရှ်လုပ်နှုန်းမှာ 60Hz ဖြစ်သွားပါမည်။
- * OnePlus ၏ လုပ်ငန်းတွင်း စမ်းသပ်စစ်ဆေးမှုအရ Warp Charge 30T ဖြင့် OnePlus Nord N10 5G ကို မိနစ် 30 အတွင်း ဘက်ထရီအား 1% မှ 67% အထိရောက်အောင် အားသွင်းပေးပြီး ထိုဘက်ထရီအားသည် OnePlus DoU (အသုံးပြုနိုင်သည့်ရက်) ပုံစံအရ 6.5 နာရီကြာအောင် အသုံးပြုနိုင်သည်။ သုံးစွဲသူများ လက်တွေ့တွေ့ကြုံရသည့် အမှန်တကယ် စွမ်းဆောင်ရည်သည် အားသွင်းသည့် ပတ်ဝန်းကျင် အခြေအနေများကိုလိုက်၍ ကွဲပြားနိုင်ပါသည်။
- *(Android စနစ်နှင့် ကြိုတင်ထည့်သွင်းထားသည့် အက်ပ်များ အပါအဝင်) မိုဘိုင်းဖုန်း စနစ်ဖိုင်များက သုံးထားသည့် နေရာကြောင့် ရရှိနိုင်သော မမ်မိုရီသိုလှောင်နိုင်စွမ်းမှာ ပြသထားသည့် တန်ဖိုးထက်နည်းပါသည်။ သိုလှောင်နိုင်စွမ်းသည် ဆော့ဖ်ဝဲဗားရှင်းနှင့် ကြိုတင်ထည့်သွင်းထားသည့် အက်ပ်များကို လိုက်၍ ကွဲပြားမည်ဖြစ်ပြီး စက်တစ်ခုနှင့်တစ်ခု တူနိုင်မည် မဟုတ်ပါ၊
- *မတူညီသော ကင်မရာ စနစ်များ၏ ဓာတ်ပုံပစ်ဇယ်များမှာ ကွာခြားနိုင်ပါသည်။ အမှန်တကယ် ကင်မရာကို ကိုးကားပါ။ ရိုက်ကူးသည့် စနစ်များကိုလိုက်၍ ဗီဒီယိုပစ်ဇယ်များလည်း ကွဲပြားနိုင်ပါသည်။ အမှန်တကယ် အခြေအနေကို ကိုးကားပါ၊
- *ပုံမှန်ဘက်ထရီ သိုလှောင်နိုင်စွမ်းမှာ 4300 mAh ဖြစ်သော်လည်း အနည်းငယ် အပြောင်းအလဲရှိနိုင်ပြီး အမှန်တကယ် စွမ်းဆောင်ရည်လည်း ကွဲပြားမှုရှိနိုင်ပါသည်။ ဘက်ထရီကို ဖြုတ်၍မရပါ၊
- *သင်၏ဆက်သွယ်ရေး ကုမ္ပဏီဖြင့် 5G ကွန်ရက်ကို အသုံးပြုနိုင်ခြင်း ရှိမရှိ အတည်ပြုပါ။ ဒေတာမြန်နှုန်းများသည် ဆက်သွယ်ရေးကုမ္ပဏီ၏ ကွန်ရက်ကိုလိုက်၍ ကွဲပြားနိုင်ပါသည်။
- *စာမျက်နှာရှိ ထုတ်ကုန်ပုံများနှင့် အကြောင်းအရာများသည် သရုပ်ပြရန် ရည်ရွယ်ချက်အတွက်သာ ဖြစ်ပါသည်။ (ပုံစံသွင်ပြင်၊ အရောင်၊ အရွယ်အစား၊ ထိတွေ့ရသည့်ခံစားချက် စသည်တို့ အကန့်အသတ်မရှိ အပါအဝင်) အမှန်တကယ် ရလဒ်များနှင့် (နောက်ခံ၊ UI နှင့် ပုံ စသည်တို့ အကန့်အသတ်မရှိ အပါအဝင်) မျက်နှာပြင် ပြသချက် အကြောင်းအရာတို့က ကွဲပြားနိုင်ပါသည်။
- *ဂဏန်းများမှာ သီအိုရီသဘောတရားအရဖြစ်ပြီး ထိန်းချုပ်ထားသည့် စမ်းသပ်စစ်ဆေးမှု ပတ်ဝန်းကျင်တစ်ခုတွင် ရယူထားခြင်းဖြစ်ပြီး (အသေးစိတ် ဖော်ပြချက်တစ်ခုချင်းစီကို ကြည့်ပါ) ပစ္စည်းသွင်းသူ သို့မဟုတ် OnePlus ဓာတ်ခွဲခန်းက ပံ့ပိုးပေးထားခြင်းဖြစ်သည်။ အမှန်တကယ် စွမ်းဆောင်ရည်သည် ထုတ်ကုန်တစ်ခုချင်းစီ၏ ကွာခြားချက်များ၊ ဆော့ဖ်ဝဲဗားရှင်းများ၊ သုံးစွဲမှု အခြေအနေများနှင့် ပတ်ဝန်းကျင် အကြောင်းအချက်များကြောင့် ကွဲပြားနိုင်ပါသည်။ အမှန်တကယ် သုံးစွဲမှု အတွေ့အကြုံကို ကိုးကားပါ။
- *ထုတ်ကုန်အသုတ်များနှင့် ကုန်ပစ္စည်းထောက်ပံ့မှု အချက်များတွင် အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲမှုများကြောင့် ထုတ်ကုန် အချက်အလက်များ၊ အင်္ဂါရပ်များနှင့် ထုတ်ကုန် လက္ခဏာရပ်များနှင့် ပတ်သက်၍ တိကျသော အချက်အလက်များ ပံ့ပိုးပေးနိုင်ရန် OnePlus သည် စာမျက်နှာ မွမ်းမံမှုများနှင့် ပြင်ဆင်ချက်များ ပြုလုပ်ရန် လိုအပ်လာလျှင် အထူးတလည် သတိပေးခြင်းမရှိဘဲ အထက်ပါစာမျက်နှာများရှိ စာသားဖော်ပြချက်များ၊ ရုပ်ပုံ အထူးပြုလုပ်ချက်များနှင့် အခြားအကြောင်းအရာများကို အမှန်တကယ် ထုတ်ကုန်စွမ်းဆောင်ရည်၊ အင်္ဂါရပ်များ၊ အညွှန်း၊ အစိတ်အပိုင်းများနှင့် အခြားအချက်အလက်များနှင့် ကိုက်ညီရန် အချိန်နှင့်တစ်ပြေးညီ ပြင်ဆင်၍ စိစစ်တည်းဖြတ်နိုင်ပါသည်။